စာချုပ်စာတမ်းများမှတ်ပုံတင်ဥပဒေအရ မှတ်ပုံမတင်မနေရ စာချုပ်စာတမ်းများ

(က) မရွေ့မပြောင်းနိုင်သောပစ္စည်းကို အပိုင်ပေးသည့်စာချုပ်စာတမ်းများ၊
(ခ) မရွှေ့မပြောင်းနိုင်သော ပစ္စည်း၌ဖြစ်စေ၊ ယင်းနှင့်စပ်လျဉ်း၍ဖြစ်စေ တန်ဖိုးငွေကျပ်တစ်သိန်းနှင့် အထက်ရှိသည့် မရွေ့မပြောင်းနိုင်သောပစ္စည်းများ ရောင်းချခြင်း၊ ဆိုင်ရာဆိုင်ခွင့် အကျိုးစီးပွား တစ်စုံတစ်ရာဖြစ်စေရေးအတွက် ကြေညာခြင်း၊ လွှဲအပ်ခြင်း၊ ကန့်သတ်ခြင်း၊ စွန့်လွှတ်ခြင်းနှင့် ဖျက်သိမ်းခြင်းတို့ကို ခိုင်မာစေရန်ပြုလုပ်သည့် သေတမ်းစာမဟုတ်သော စာချုပ်စာတမ်းများ၊ ယင်းစာချုပ်စာတမ်းတို့နှင့် သက်ဆိုင်သည့် ပိုင်ဆိုင်ခွင့်အပေါ် တရားရုံးကချမှတ်သည့် စီရင်ချက်၊ ဒီကရီ၊ အမိန့်၊
(ဂ) တန်ဖိုးငွေကျပ်တစ်သိန်းနှင့်အထက်ရှိသည့် ပိုင်ဆိုင်ခွင့်စာချုပ်ကိုအပ်နှံ၍ ပေါင်နှံငွေချေးခြင်းမှ တစ်ပါး ပေါင်နှံခြင်းကို ပေါင်နှံသူလက်မှတ်ရေးထိုးပြီး အနည်းဆုံးအသိသက်သေနှစ်ဦးက မှန်ကန် ကြောင်း ဝန်ခံလက်မှတ်ရေးထိုးထားသည့် ပေါင်နှံခြင်းစာချုပ်များနှင့် ပေါင်နှံခြင်း ဖျက်သိမ်းသော စာချုပ်များ၊
(ဃ) မရွှေ့မပြောင်းနိုင်သောပစ္စည်းကို တစ်နှစ်ပြီးတစ်နှစ် ငှားရမ်းခြင်း၊ တစ်နှစ်ထက်ပို၍ ငှားရမ်းခြင်း၊ ငှားရမ်းခကို နှစ်အလိုက်သတ်မှတ်၍ ငှားရမ်းခြင်းစာချုပ်များ၊
(င) ကုမ္ပဏီအသင်းအဖွဲ့တို့က မရွှေ့မပြောင်းနိုင်သောပစ္စည်းပိုင်ဆိုင်ခွင့် အားလုံးကိုဖြစ်စေ အချို့အဝက် ကိုဖြစ်စေ ယင်းပစ္စည်းနှင့် သက်ဆိုင်သည့် အကျိုးစီးပွားကိုဖြစ်စေယုံမှတ်အပ်နှံသူသို့ ပေါင်နှံခြင်း၊ ပေးအပ်ခြင်း သို့မဟုတ် အခြားနည်းဖြင့် လွှဲအပ်ခြင်းပြုသည့် စာချုပ်စာတမ်းများ၊
(စ) ကိတ္တိမသားသမီးမွေးစားခြင်း စာချုပ်စာတမ်းများ၊
(ဆ) နိုင်ငံတော်အစိုးရက အခါအားလျော်စွာ သတ်မှတ်သည့်စာချုပ်စာတမ်းများ စသည်တို့ဖြစ်ကြပါသည်။
A&D Myanmar Legal Services
See less


