မူပိုင်ခွင့်ဥပဒေများအရ တရားစွဲဆိုသည့် အမှုများကို စီရင်ပိုင်ခွင့်ရှိသည့် တရားရုံးများ
မူပိုင်ခွင့် ဥပဒေတွင် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်း ဥပဒေ၊ တီထွင်မှု ဥပဒေနှင့် စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေဟူ၍ ဥပဒေ ၄ မျိုးရှိပါသည်။ ထိုမူပိုင်ခွင့်ဥပဒေများနှင့် သက်ဆိုင်သည့် တရားမမူလမှုများကို စစ်ဆေးစီရင်ရန်အတွက် ရန်ကုန်မြို့၊ ကျောက်တံတားခရိုင် တရားရုံးကိုသာ စီရင်ပိုင်ခွင့်အာဏာ ပေးအပ်ထားပါသည်။ ရာဇဝတ်မူလမှုများအတွက်ကိုတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတရားရုံးများ၊ ခရိုင်တရားရုံးများ စသည်တို့ကို စီရင်ပိုင်ခွင့် ပေးအပ်ထားပါသည်။
