Post Date:

MERRY BE YOUR CHRISTMAS.
PEACEFUL BE YOUR HOME.
JOYFUL BE YOUR FAMILY.
BLESSED BE EACH ONE.

Post Date:

မျက်မှောက်ခေတ် ငွေရေးကြေးရေး ကိစ္စများဖြင့် ပြသာနာ ဖြစ်ကြလျှင် ပြစ်မှုနဲ့ တရားစွဲရမည်လား၊ တရားမမှုနှင့် တရားစွဲရမည်လား တနည်းအားဖြင့် လိမ်လည်မှုနှင့် တရားစွဲရမည်လား၊ ပဋိညာဉ်ချိုးဖောက်မှုဖြင့် တရားစွဲရမည်လား စသဖြင့် စဉ်းစားရလေ့ရှိပါသည်။ ထို့ကြောင့် ထိုသို့ စဉ်းစားရ လွယ်ကူစေရန် အခြေခံကျသော ပြစ်မှုနှင့် တရားမ ခွဲခြားစွဲဆိုရမည့် နည်းလမ်းကို မျှဝေပေးမည် ဖြစ်ပါသည်။

Post Date:

ဦးနှောက် အသိဉာဏ်များကိုသုံး၍ တီထွင်ဖန်တီးထုတ်လုပ်လိုက်သော အရာမှန်သမျှကို ပိုင်ဆိုင်ခွင့်အား ဉာဏပစ္စည်း မူပိုင်ခွင့်ဟု ခေါ်ဆိုပါသည်။ ဉာဏပစ္စည်းမူပိုင်ခွင့်တွင် စက်မှုပိုင်း တီထွင်ဖန်တီး ထုတ်လုပ်ထားမှုများ၊ စာပေနှင့်အနုပညာရပ်များ၊ အထိမ်းအမှတ် သင်္ကေတများ၊ အမည်နာမများ၊ ကုန်သွယ်ရေးလုပ်ငန်း ရုပ်ပုံများ အားလုံးပါဝင်သည်။ ဉာဏပစ္စည်း မူပိုင်ခွင့်ကို အဓိက နှစ်မျိုး ခွဲခြားထားပါသည်။ ၎င်းတို့မှာ စက်မှုလုပ်ငန်းဆိုင်ရာ ပစ္စည်းများနှင့် စာပေနှင့်အနုပညာလက်ရာများတို့ ဖြစ်ကြပါသည်။ စက်မှုလုပ်ငန်းဆိုင်ရာပစ္စည်း ဆိုသည်မှာ စက်မှု တီထွင်ဆန်းသစ် ထုတ်လုပ်ထားမှုများ၊ ကုန်သွယ်မှု အမှတ်တံဆိပ်များ၊ စက်မှု ပုံစံဒီဇိုင်း

Post Date:

မြန်မာ့လူ့သိုင်းအဝိုင်းမှာ သားသမီးဆိုတာ ကောင်းတဲ့ သားသမီးနဲ့ ဆိုးတဲ့ သားသမီး ဆိုပြီး ၂ မျိုးသာ ခွဲခြားလေ့ ရှိတယ်။ ကောင်းတဲ့ သားသမီး ဆိုတာကတော့ မိဘနှစ်ပါးကို ရိုသေလေးစား၊ ကျေးဇူးပြန်ဆပ်ပြီး၊ မိဘတွေ အိုမင်းလာတဲ့အခါ ပြုစုစောင့်ရှောက်တတ်တဲ့ သားသမီးမျိုးကို သတ်မှတ်ကြတယ်။ ဆိုးတဲ့ သားသမီး ဆိုတာကတော့ မိဘကိုလည်း မရိုသေ၊ မစောင့်ရှောက်၊ ကျေးဇူးမသိတတ်တဲ့ သားသမီးမျိုးလို့ သတ်မှတ်ကြတယ်။
.
ဗုဒ္ဓဘာသာအရတော့
၁။ သာဝဇ္ဇုပုတ္တ – မိဘကို ရိုသေလေးစားပြီး ကျေးဇူးဆပ်တတ်သော သားသမီး
၂။ အသာဝဇ္ဇုပုတ္တ – မိဘကို မရိုသေ၊ ကျေးဇူးမသိတတ်သော သားသမီး
၃။ အဘိဘရဏီယပုတ္တ – မိဘ၏ကျေးဇူးကို ပြန်ဆပ်တတ်သော သားသမီး

Post Date:

အလုပ်ရှင်အလုပ်သမား အငြင်းပွားမှုများကို ဖြေရှင်းရာတွင် မကျေနပ်သူသည် ကိုယ်တိုင်ဖြစ်စေ၊ တရားဝင်လွှဲအပ်ထားသော ကိုယ်စားလှယ်ဖြင့်ဖြစ်စေ အလုပ်သမားရုံးရှိ ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့တွင် ဖြေရှင်းနိုင်သလို၊ သက်ဆိုင်ရာဦးစီးဌာနများ သို့မဟုတ် စီရင်ပိုင်ခွင့်ရှိသော တရားရုံးများတွင်လည်း ဖြေရှင်းနိုင်ပါသည်။

Post Date:

အိမ်တွေ၊ မြေတွေ တန်ဖိုးကြီးမြင့်လာတဲ့အခါ ပိုင်ရှင်ဖြစ်သူတွေက ကိုယ်တိုင်လည်း မနေနိုင်၊ ဒီအတိုင်းထားရင်လည်း အိမ်က ပျက်စီးမှာ၊ မြေက သူများ ကျူးကျော်မှာ၊ အခြားသူကို ထားရင်လည်း ဖယ်မပေးမှာ ကြောက်ရ ဆိုပြီး ပစ္စည်းရှိ ဒုက္ခတွေ ကြုံတွေ့ကြရတယ်။ ဒီလိုမဖြစ်အောင် ကိုယ်ပိုင်တဲ့ အိမ်၊ မြေ ပေါ်မှာ အခြားသူကို အခမဲ့ခွင့်ပြုချက်နဲ့ ထားသင့်တယ်။ ဒါတောင် လျှပ်စစ်မီတာခတွေ၊ စည်သာသာယာအခွန်တွေ သူဆောင်ထားရလို့ မဆင်းတော့ပါဘူး၊ ဖယ်မပေးတော့ပါဘူး ဆိုပြီး ဖြစ်လာတဲ့အခါ၊ ဒီလိုမျိုး ပေးဆောင်ရုံနဲ့ ပေးဆောင်သူရဲ့ အပိုင်ဖြစ်သွားသလားဆိုရင်

Post Date:

ပန်းကလေး ကြွေကျသွားတယ်၊ ကော်ဖီဖန်ခွက်လေး ကွဲသွားတယ်၊ ဒါဆိုရင် ကောင်မလေးက မုဒိန်း အကျင့်ခံလိုက်ရပြီ ဆိုတာ သေချာပြီပေါ့။ တကယ့်အပြင်မှာ ရုပ်ရှင်ထဲကလောက် မရိုးရှင်း။ အမှုပေါ်ပေါက်လာရင် ပတ်သက်ဆက်နွယ်မှုတွေ၊ အချိန်အခါနဲ့ အခြေအနေ အကြောင်းတရားတွေ ထည့်သွင်းစဉ်းစားဖို့ လိုတယ်။ မုဒိန်းမှု ကျူးလွန်ခြင်း ရှိမရှိ ဆုံးဖြတ်ရာမှာ မုဒိန်းမှုတွေမှာ အဓိက ဇာတ်ဆောင်ဖြစ်တဲ့ သုတ်ပိုးကို ဓာတုဗေဒနည်းလမ်း အသုံးပြုပြီး စစ်ဆေးတာလည်း တစ်ခုအပါအဝင်ဖြစ်တယ်။ ဒါပေမဲ့

Post Date:

မူပိုင်ခွင့် ဥပဒေတွင် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်း ဥပဒေ၊ တီထွင်မှု ဥပဒေနှင့် စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေဟူ၍ ဥပဒေ ၄ မျိုးရှိပါသည်။ ထိုမူပိုင်ခွင့်ဥပဒေများနှင့် သက်ဆိုင်သည့် တရားမမူလမှုများကို စစ်ဆေးစီရင်ရန်အတွက် ရန်ကုန်မြို့၊ ကျောက်တံတားခရိုင် တရားရုံးကိုသာ စီရင်ပိုင်ခွင့်အာဏာ ပေးအပ်ထားပါသည်။ ရာဇဝတ်မူလမှုများအတွက်ကိုတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတရားရုံးများ၊ ခရိုင်တရားရုံးများ စသည်တို့ကို စီရင်ပိုင်ခွင့် ပေးအပ်ထားပါသည်။