ကုန်အမှတ်တံဆိပ်ကို ရုံးမှားပြီး မှတ်ပုံတင်ကြခြင်း

အခုချိန်ထိ လူအများစုဟာ ကုန်အမှတ်တံဆိပ်တွေကို စာချုပ်စာတမ်းမှတ်ပုံတင်ရုံးသို့ သွားပြီး မှတ်ပုံတင်နေကြတာ တွေ့ရတယ်။ စာရွက်စာတမ်းမှတ်ပုံတင်ရုံးကတော့ လိုအပ်တဲ့ အချက်အလက်တွေ ပြည့်စုံတယ်၊ စာရွက်စာတမ်း ပြည့်စုံတယ် ဆိုရင် မှတ်ပုံတင်ပေးလိုက်မှာ ဖြစ်တယ်။ ဒါပေမဲ့ ကိုယ့်ကုန်အမှတ်တံဆိပ်က ဥပဒေအရ အကာအကွယ် ရမှာ မဟုတ်ဘူး။ မှတ်ပုံတင်ထားရဲ့သားနဲ့ ဘာလို့ အကာအကွယ် မရတာလဲ၊ ဒါဆိုရင် ဘာလုပ်ရမလဲ။

ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေကို ၃၀ ရက်၊ ၁လ၊ ၂၀၁၉ ခုနှစ်မှာ ပြဌာန်းခဲ့ပြီး၊ ၁ ရက်၊ ၄ လ၊ ၂၀၂၃ ခုနှစ်တွင် အာဏာသက်ဝင်ခဲ့တယ်။ ဒီဥပဒေအရ ကုန်အမှတ်တံဆိပ်များကို မူပိုင်ခွင့်ဥပဒေအရသာ မှတ်ပုံတင်ရမှာ ဖြစ်တယ်။ သို့မှသာ မိမိတို့ မှတ်ပုံတင်ထားသော ကုန်အမှတ်တံဆိပ်သည် တရားဝင်မှာဖြစ်ပြီး ဥပဒေအရ အကာအကွယ်ကို ရရှိနိုင်မှာ ဖြစ်တယ်။ (စာချုပ်စာတမ်းရုံးမှာ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် မှတ်ပုံတင်ခြင်းသည် ယခုအခါ လုံးဝလုံးဝ ဥပဒေအရ အကာအကွယ် မရတော့ပါ။)

စစချင်းမှာ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ရုံးက စာချုပ်စာတမ်းရုံးမှာ မှတ်ပုံတင်ထားသော ကုန်အမှတ်တံဆိပ် အဟောင်းများကိုသာ ကာလတစ်ခုအထိ ဦးစားပေး ဆောင်ရွက်ခဲ့ပြီး၊ အသစ်များကို လက်ခံ ဆောင်ရွက်ပေးခဲ့ခြင်း မရှိပါ။ ယခုအခါမှာတော့ အဟောင်းများကို ဦးစားပေး ဆောင်ရွက်သည့် အချိန်ကာလ အပိုင်းအခြား ကုန်ဆုံးခဲ့ပြီး ဖြစ်လို့ အဟောင်းနဲ့ အသစ် ကွဲပြားမှု မရှိတော့ပါ။ ဦးစွာအရင် မှတ်ပုံတင်နိုင်သူသာ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် အခွင့်အရေးကို ရရှိမှာ ဖြစ်ပါတယ်။ ကုန်အမှတ်တံဆိပ်အဟောင်းပိုင်ရှင်များအနေနဲ့ မူပိုင်ခွင့်မှတ်ပုံတင်တာ နောက်ကျလို့ ကိုယ့်ကုန်အမှတ်တံဆိပ်ကို သူများဦးသွားပြီး ယူသုံးသွားလို့ကတော့ ဒုက္ခနဲ့ လှလှ တွေ့ကြရမှာ ဖြစ်တယ်။