သေကြောင်းကြံစည်မှု

သာမန်လူတစ်ယောက်အနေနဲ့ တွေးရင် “ကိုယ်ပိုင်တဲ့ ပစ္စည်း ကိုယ်ဖာသာကိုယ် ဖျက်ဆီးတာ ဘယ်သူ့ ဂရုစိုက်ရမှာလဲ” ဆိုတာ ကိစ္စမရှိပေမဲ့ ကိုယ်ပိုင်တဲ့အသက်ကို ဆက်လက် မပိုင်ဆိုင်လိုတဲ့အတွက် ကိုယ့်ဖာသာကိုယ် ဖျက်ဆီးပစ်တာကတော့ သေသွားခဲ့ရင် ကိစ္စ မရှိဘူး၊ မသေဘဲ အသက်ရှင်နေဦးမယ်ဆိုရင်တော့ ကိစ္စရှိလာပြီ။

မိမိကိုယ်မိမိ သေကြောင်းကြံမှု ကျူးလွန်ရန် အားထုတ်ရင် အားထုတ်တဲ့သူကို တစ်နှစ်ထိ အလုပ်မဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ပြစ်ဒဏ်ချမှတ်ခံရနိုင်သည်။