အားပေးဖော်တော့ မဖြစ်ဘူး

မှုခင်းတွေမှာ များသောအားဖြင့် ဘေးက အဖော်ဖြစ်သူကို အားပေးကူညီသူအဖြစ် တရားစွဲခံရတယ်။ လူသတ်မှု ဖြစ်ဖြစ်၊ ခိုးမှုဖြစ်ဖြစ် အဖော်ပါတဲ့သူပါ တရားစွဲဆိုခြင်း ခံရပါတယ်။ ကုန်ကုန်ပြောရရင် ဖဲဝိုင်းဖမ်းတဲ့အခါ ကိုယ်က ဝင်မရိုက်ပေမဲ့ အခင်းဖြစ်ပွားရာ နေရာမှာ ရှိလို့ကတော့ တရားစွဲ ခံရပြီသာမှတ်။ ဒါပေမဲ့ သူငယ်ချင်းတွေ အရက် အတူသောက်ပြီး သူငယ်ချင်းတစ်ယောက်က ကားမောင်းတယ်။ ယာဉ်တိုက်မှု ဖြစ်တယ်။ မူးနေတဲ့ ကိုယ်ကလည်း ကားပေါ်မှာ ပါတယ်။ ကိုယ့်အနေနဲ့ ယာဉ်တိုက်မှုမှာ ထိုပြစ်မှုကို ကျူးလွန်ရန် အားပေးကူညီသူအဖြစ် တရားစွဲခံရနိုင်လား။ ဥပဒေအရတော့

ကားမောင်းသမားတစ်ဦး မဆင်မချင်မောင်းနှင်မှုကြောင့် လူတစ်ဦး သေဆုံးသွားသည်ရှိသော် ထိုကားမောင်းသမားသည် ကားကို မဆင်မချင်မောင်းနှင်မှုအတွက် တရားစွဲဆို ခံရမည်ဖြစ်ပြီး ထိုက်သင့်သည့် အပြစ်ဒဏ်လည်း ခံရမည်ဖြစ်သည်။ သို့သော် ထိုယာဉ်တိုက်မှု ဖြစ်ပွားသော ကားပေါ်တွင် ပါလာသော ကားမောင်းသမား၏ မိတ်ဆွေသူငယ်ချင်းများသော်လည်းကောင်း၊ ခရီးသည်များအားလည်းကောင်း တရားစွဲဆို၍ မရပါ။