အလုပ်ရှင်အလုပ်သမား အငြင်းပွားမှုများကို ဖြေရှင်းရာတွင် မကျေနပ်သူသည် ကိုယ်တိုင်ဖြစ်စေ၊ တရားဝင်လွှဲအပ်ထားသော ကိုယ်စားလှယ်ဖြင့်ဖြစ်စေ အလုပ်သမားရုံးရှိ ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့တွင် ဖြေရှင်းနိုင်သလို၊ သက်ဆိုင်ရာဦးစီးဌာနများ သို့မဟုတ် စီရင်ပိုင်ခွင့်ရှိသော တရားရုံးများတွင်လည်း ဖြေရှင်းနိုင်ပါသည်။
Monthly Archives
အိမ်တွေ၊ မြေတွေ တန်ဖိုးကြီးမြင့်လာတဲ့အခါ ပိုင်ရှင်ဖြစ်သူတွေက ကိုယ်တိုင်လည်း မနေနိုင်၊ ဒီအတိုင်းထားရင်လည်း အိမ်က ပျက်စီးမှာ၊ မြေက သူများ ကျူးကျော်မှာ၊ အခြားသူကို ထားရင်လည်း ဖယ်မပေးမှာ ကြောက်ရ ဆိုပြီး ပစ္စည်းရှိ ဒုက္ခတွေ ကြုံတွေ့ကြရတယ်။ ဒီလိုမဖြစ်အောင် ကိုယ်ပိုင်တဲ့ အိမ်၊ မြေ ပေါ်မှာ အခြားသူကို အခမဲ့ခွင့်ပြုချက်နဲ့ ထားသင့်တယ်။ ဒါတောင် လျှပ်စစ်မီတာခတွေ၊ စည်သာသာယာအခွန်တွေ သူဆောင်ထားရလို့ မဆင်းတော့ပါဘူး၊ ဖယ်မပေးတော့ပါဘူး ဆိုပြီး ဖြစ်လာတဲ့အခါ၊ ဒီလိုမျိုး ပေးဆောင်ရုံနဲ့ ပေးဆောင်သူရဲ့ အပိုင်ဖြစ်သွားသလားဆိုရင်
ပန်းကလေး ကြွေကျသွားတယ်၊ ကော်ဖီဖန်ခွက်လေး ကွဲသွားတယ်၊ ဒါဆိုရင် ကောင်မလေးက မုဒိန်း အကျင့်ခံလိုက်ရပြီ ဆိုတာ သေချာပြီပေါ့။ တကယ့်အပြင်မှာ ရုပ်ရှင်ထဲကလောက် မရိုးရှင်း။ အမှုပေါ်ပေါက်လာရင် ပတ်သက်ဆက်နွယ်မှုတွေ၊ အချိန်အခါနဲ့ အခြေအနေ အကြောင်းတရားတွေ ထည့်သွင်းစဉ်းစားဖို့ လိုတယ်။ မုဒိန်းမှု ကျူးလွန်ခြင်း ရှိမရှိ ဆုံးဖြတ်ရာမှာ မုဒိန်းမှုတွေမှာ အဓိက ဇာတ်ဆောင်ဖြစ်တဲ့ သုတ်ပိုးကို ဓာတုဗေဒနည်းလမ်း အသုံးပြုပြီး စစ်ဆေးတာလည်း တစ်ခုအပါအဝင်ဖြစ်တယ်။ ဒါပေမဲ့
မှုခင်းတွေမှာ များသောအားဖြင့် ဘေးက အဖော်ဖြစ်သူကို အားပေးကူညီသူအဖြစ် တရားစွဲခံရတယ်။ လူသတ်မှု ဖြစ်ဖြစ်၊ ခိုးမှုဖြစ်ဖြစ် အဖော်ပါတဲ့သူပါ တရားစွဲဆိုခြင်း ခံရပါတယ်။ ကုန်ကုန်ပြောရရင် ဖဲဝိုင်းဖမ်းတဲ့အခါ ကိုယ်က ဝင်မရိုက်ပေမဲ့ အခင်းဖြစ်ပွားရာ နေရာမှာ ရှိလို့ကတော့ တရားစွဲ ခံရပြီသာမှတ်။ ဒါပေမဲ့ သူငယ်ချင်းတွေ အရက် အတူသောက်ပြီး သူငယ်ချင်းတစ်ယောက်က ကားမောင်းတယ်။ ယာဉ်တိုက်မှု ဖြစ်တယ်။ မူးနေတဲ့ ကိုယ်ကလည်း ကားပေါ်မှာ ပါတယ်။ ကိုယ့်အနေနဲ့ ယာဉ်တိုက်မှုမှာ ထိုပြစ်မှုကို ကျူးလွန်ရန် အားပေးကူညီသူအဖြစ် တရားစွဲခံရနိုင်လား။ ဥပဒေအရတော့
မွေးစားခံရသည့်ကလေးသည် ၎င်း၏မိရင်းဘရင်းထံမှ အမွေဆက်ခံခွင့်ဆုံးရှုံးပြီး မွေးစားမိဘနှင့် မွေးစားမိဘ၏ ဆွေမျိုးများထံမှသာ အမွေဆက်ခံခွင့်ရရှိမည်ဖြစ်သည်။
မူပိုင်ခွင့် ဥပဒေတွင် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်း ဥပဒေ၊ တီထွင်မှု ဥပဒေနှင့် စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေဟူ၍ ဥပဒေ ၄ မျိုးရှိပါသည်။ ထိုမူပိုင်ခွင့်ဥပဒေများနှင့် သက်ဆိုင်သည့် တရားမမူလမှုများကို စစ်ဆေးစီရင်ရန်အတွက် ရန်ကုန်မြို့၊ ကျောက်တံတားခရိုင် တရားရုံးကိုသာ စီရင်ပိုင်ခွင့်အာဏာ ပေးအပ်ထားပါသည်။ ရာဇဝတ်မူလမှုများအတွက်ကိုတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတရားရုံးများ၊ ခရိုင်တရားရုံးများ စသည်တို့ကို စီရင်ပိုင်ခွင့် ပေးအပ်ထားပါသည်။
၂၀၁၆ ခုနှစ်က မြန်မာနိုင်ငံမှာ The Condominium Law ကို စတင် ပြဌာန်းခဲ့တယ်။ အဲဒီဥပဒေအရ ကွန်ဒိုတွေကို နိုင်ငံခြားသားတွေလည်း တရားဝင် ဝယ်ယူခွင့် ရရှိလာခဲ့တယ်။ ဒါပေမဲ့ ကန့်သန့်ချက်တော့ ရှိတယ်။ အဲဒီကန့်သန့်ချက်က အဆောက်အဦရဲ့ ၄၀ ရာခိုင်နှုန်းထက် မပိုသော ကွန်ဒိုတိုက်ခန်းများကိုသာ နိုင်ငံခြားသားတွေကို ရောင်းချခွင့် ပေးထားတယ်။ ဝယ်ယူသူတွေက ကွန်ဒိုတိုက်ခန်း လွှဲပြောင်းတဲ့ စာချုပ်စာတမ်းကို မှတ်ပုံတင်အရာရှိထံမှာ မှတ်ပုံတင်ခွင့် ရှိတဲ့အတွက် တရားဝင် အမည်ပေါက် ပိုင်ဆိုင်မှာ ဖြစ်တယ်။ ဒါပေမဲ့ ပြဌာန်းဥပဒေနဲ့အညီ ဆောက်လုပ်ထားတဲ့ ကွန်ဒိုဖြစ်ဖို့တော့ လိုအပ်တယ်။
ဥပဒေရေးရာ ပြဿနာတွေက (case by case) သွားရတဲ့ ပြဿနာတွေ ဖြစ်တယ်။ လူတစ်ဦးနဲ့ တစ်ဦး အမှုချင်းတူရင်တောင် အမှုဖြစ်လာရတဲ့ အခြေခံ အကြောင်းရင်းတွေကတော့ ဘယ်လိုမှ ထပ်တူ မကျနိုင်ဘူး။ ဒီတော့ အမှုချင်း အတူတူ ဖြစ်နေပေမဲ့ အဖြေ (ပြစ်မှုဆိုရင် ပြစ်ဒဏ်၊ တရာမမှာဆိုရင် တောင်းဆိုတဲ့ သက်သာခွင့်) တွေ ကွဲပြားနိုင်ပါတယ်။
အခု ပြောပြချင်တာကတော့ ဒီရက်ပိုင်း လာလာမေးနေကြတဲ့၊ အားလုံး သိချင်ကြတဲ့ သဘာဝ ဘေးအန္တရာယ်နှင့် ပတ်သက်ပြီး ဥပဒေ ပြဿနာတစ်ခုဖြစ်တဲ့ နှစ်ချုပ်၊ လချုပ်များဖြင့် ငှားရမ်းထားသည့် အိမ်ရှင်၊ အိမ်ငှားများ ကိစ္စပါ။ အိမ်ရှင်က မိမိ ငှားရမ်းထားတဲ့အိမ် သဘာဝဘေးကြောင့် ပျက်ဆီးသွားပြီ၊ အိမ်ငှားကလည်း မိမိ ငှားရမ်းနေထိုင်တဲ့အိမ် သဘာဝဘေးကြောင့် ပျက်ဆီးသွားပြီ၊ ကဲ … ဇာတ်လမ်းက ဘယ်လိုဆက်လုပ်ရမလဲ။ တကယ်တော့ ဘယ်လိုမှ ဆက်လုပ်လို့ မရတော့ပါဘူး။ ဥပဒေအရတော့
