ဦးနှောက် အသိဉာဏ်များကိုသုံး၍ တီထွင်ဖန်တီးထုတ်လုပ်လိုက်သော အရာမှန်သမျှကို ပိုင်ဆိုင်ခွင့်အား ဉာဏပစ္စည်း မူပိုင်ခွင့်ဟု ခေါ်ဆိုပါသည်။ ဉာဏပစ္စည်းမူပိုင်ခွင့်တွင် စက်မှုပိုင်း တီထွင်ဖန်တီး ထုတ်လုပ်ထားမှုများ၊ စာပေနှင့်အနုပညာရပ်များ၊ အထိမ်းအမှတ် သင်္ကေတများ၊ အမည်နာမများ၊ ကုန်သွယ်ရေးလုပ်ငန်း ရုပ်ပုံများ အားလုံးပါဝင်သည်။ ဉာဏပစ္စည်း မူပိုင်ခွင့်ကို အဓိက နှစ်မျိုး ခွဲခြားထားပါသည်။ ၎င်းတို့မှာ စက်မှုလုပ်ငန်းဆိုင်ရာ ပစ္စည်းများနှင့် စာပေနှင့်အနုပညာလက်ရာများတို့ ဖြစ်ကြပါသည်။ စက်မှုလုပ်ငန်းဆိုင်ရာပစ္စည်း ဆိုသည်မှာ စက်မှု တီထွင်ဆန်းသစ် ထုတ်လုပ်ထားမှုများ၊ ကုန်သွယ်မှု အမှတ်တံဆိပ်များ၊ စက်မှု ပုံစံဒီဇိုင်း
