Post Date:

မွေးစားခံရသည့်ကလေးသည် ၎င်း၏မိရင်းဘရင်းထံမှ အမွေဆက်ခံခွင့်ဆုံးရှုံးပြီး မွေးစားမိဘနှင့် မွေးစားမိဘ၏ ဆွေမျိုးများထံမှသာ အမွေဆက်ခံခွင့်ရရှိမည်ဖြစ်သည်။

Post Date:

မူပိုင်ခွင့် ဥပဒေတွင် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်း ဥပဒေ၊ တီထွင်မှု ဥပဒေနှင့် စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေဟူ၍ ဥပဒေ ၄ မျိုးရှိပါသည်။ ထိုမူပိုင်ခွင့်ဥပဒေများနှင့် သက်ဆိုင်သည့် တရားမမူလမှုများကို စစ်ဆေးစီရင်ရန်အတွက် ရန်ကုန်မြို့၊ ကျောက်တံတားခရိုင် တရားရုံးကိုသာ စီရင်ပိုင်ခွင့်အာဏာ ပေးအပ်ထားပါသည်။ ရာဇဝတ်မူလမှုများအတွက်ကိုတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတရားရုံးများ၊ ခရိုင်တရားရုံးများ စသည်တို့ကို စီရင်ပိုင်ခွင့် ပေးအပ်ထားပါသည်။

Post Date:

၂၀၁၆ ခုနှစ်က မြန်မာနိုင်ငံမှာ The Condominium Law ကို စတင် ပြဌာန်းခဲ့တယ်။ အဲဒီဥပဒေအရ ကွန်ဒိုတွေကို နိုင်ငံခြားသားတွေလည်း တရားဝင် ဝယ်ယူခွင့် ရရှိလာခဲ့တယ်။ ဒါပေမဲ့ ကန့်သန့်ချက်တော့ ရှိတယ်။ အဲဒီကန့်သန့်ချက်က အဆောက်အဦရဲ့ ၄၀ ရာခိုင်နှုန်းထက် မပိုသော ကွန်ဒိုတိုက်ခန်းများကိုသာ နိုင်ငံခြားသားတွေကို ရောင်းချခွင့် ပေးထားတယ်။ ဝယ်ယူသူတွေက ကွန်ဒိုတိုက်ခန်း လွှဲပြောင်းတဲ့ စာချုပ်စာတမ်းကို မှတ်ပုံတင်အရာရှိထံမှာ မှတ်ပုံတင်ခွင့် ရှိတဲ့အတွက် တရားဝင် အမည်ပေါက် ပိုင်ဆိုင်မှာ ဖြစ်တယ်။ ဒါပေမဲ့ ပြဌာန်းဥပဒေနဲ့အညီ ဆောက်လုပ်ထားတဲ့ ကွန်ဒိုဖြစ်ဖို့တော့ လိုအပ်တယ်။

Post Date:

ဥပဒေရေးရာ ပြဿနာတွေက (case by case) သွားရတဲ့ ပြဿနာတွေ ဖြစ်တယ်။ လူတစ်ဦးနဲ့ တစ်ဦး အမှုချင်းတူရင်တောင် အမှုဖြစ်လာရတဲ့ အခြေခံ အကြောင်းရင်းတွေကတော့ ဘယ်လိုမှ ထပ်တူ မကျနိုင်ဘူး။ ဒီတော့ အမှုချင်း အတူတူ ဖြစ်နေပေမဲ့ အဖြေ (ပြစ်မှုဆိုရင် ပြစ်ဒဏ်၊ တရာမမှာဆိုရင် တောင်းဆိုတဲ့ သက်သာခွင့်) တွေ ကွဲပြားနိုင်ပါတယ်။

Post Date:

အခု ပြောပြချင်တာကတော့ ဒီရက်ပိုင်း လာလာမေးနေကြတဲ့၊ အားလုံး သိချင်ကြတဲ့ သဘာဝ ဘေးအန္တရာယ်နှင့် ပတ်သက်ပြီး ဥပဒေ ပြဿနာတစ်ခုဖြစ်တဲ့ နှစ်ချုပ်၊ လချုပ်များဖြင့် ငှားရမ်းထားသည့် အိမ်ရှင်၊ အိမ်ငှားများ ကိစ္စပါ။ အိမ်ရှင်က မိမိ ငှားရမ်းထားတဲ့အိမ် သဘာဝဘေးကြောင့် ပျက်ဆီးသွားပြီ၊ အိမ်ငှားကလည်း မိမိ ငှားရမ်းနေထိုင်တဲ့အိမ် သဘာဝဘေးကြောင့် ပျက်ဆီးသွားပြီ၊ ကဲ … ဇာတ်လမ်းက ဘယ်လိုဆက်လုပ်ရမလဲ။ တကယ်တော့ ဘယ်လိုမှ ဆက်လုပ်လို့ မရတော့ပါဘူး။ ဥပဒေအရတော့

Post Date:

မိတ်ဆွေတစ်ယောက်က သူ့ယောကျာ်းက ဆိုးသွမ်းကြောင်း လာရင်ဖွင့်တယ်။ အိမ်မှာရှိတဲ့ ပစ္စည်းတွေ ရောင်းစားပြီး သုံးဖြုန်းပစ်နေတာကို ယုံကြည် အပ်နှံ ဖောက်ဖျက်မှုနဲ့ တရားစွဲလို့ ရလားတဲ့။ ပြောရရင်တော့ မြန်မာ့ဓလေ့ထုံးတမ်းများအရ မြန်မာဗုဒ္ဓဘာသာ လင်မယားတွေဟာ ပစ္စည်းနဲ့ ပတ်သက်ရင် အတူတူ ပိုင်ဆိုင်ကြတယ်။ အဲဒီအတူတူ ပိုင်ဆိုင်တဲ့ ပစ္စည်းကို လင်ကနေ မယားဆီသို့၊ မယားကနေ လင်ဆီသို့ ပေးထား၊ အပ်ထားတာကို ယုံကြည်အပ်နှံတာလို့ ပြောလို့မရ။ ဒီတော့ ယုံကြည်အပ်နှံမှုနဲ့ တရားစွဲဆိုလို့ မရ။

ဥပဒေအရတော့

Post Date:

လက်ဘက်ရည်ဆိုင်မှာ မိတ်ဆွေတစ်ယောက်နဲ့ ဆုံတော့ သူရဲ့ အမွေဆိုင်မြေအကြောင်းနဲ့ ပတ်သက်ပြီး တိုင်ပင်တယ်။ ဒီအတိုင်းပဲ ရောင်းသင့်ရမလား၊ ဒါမှမဟုတ် ကိုယ့်အမည်ပေါက် အရင်လုပ်ပြီးမှ ရောင်းရမှာလားတဲ့။ အကျိုးဆောင်တွေကတော့ ဒီအတိုင်းပဲ ရောင်းချဖို့ တိုက်တွန်းတယ်လို့ ပြောတယ်။ ဒီလိုဖြစ်ရပ်မှာ များသောအားဖြင့် နည်းလမ်း (၂) သွယ် ရှိတယ်။

Post Date:

ကုမ္ပဏီတွေလည်း လူလိုပဲ တရားတဘောင် ဖြစ်ကြတာရှိတယ်။ တရားလိုအဖြစ် တရားစွဲဆိုကြသလို၊ တရားပြိုင်အဖြစ် တရားစွဲ ခံရတာလည်း ရှိကြတယ်။ ဒီလိုဖြစ်စဉ်တွေမှာ ငါကတော့ ကုမ္ပဏီမှာ ဘာရာထူးမို့လို့ ဆိုပြီးတော့ တစ်ဦးတစ်ယောက်တည်း သဘောနဲ့ လုပ်လို့မရ။ ဥပဒေပြဌာန်းချက်ကတော့

Post Date:

ပြီးခဲ့တဲ့ရက်က မိတ်ဆွေတစ်ယောက်က “ဒီလောက်တန်ဖိုးကြီးတဲ့ ပစ္စည်းကို လမ်းဘေးမှာ လေလံတင်ရောင်းချရတယ်လို့” ဆိုပြီး ဘဝင်မကျတဲ့ လေသံနဲ့ ပြောလာတယ်။ လေလံတင်ရောင်းချတဲ့အခါ သဘောသဘာဝအရ ပွင့်လင်းမြင်သာမှုရှိဖို့၊ လူအများ လာရောက် လေ့လာ ဝယ်ယူနိုင်တဲ့ နေရာဖြစ်ဖို့ လိုပါတယ်။ ဥပဒေအရတော့ …

တရားရုံးသည် ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများကို လေလံတင်ရောင်းချရာတွင် တရားရှုံးအတွက် ပိုမိုအကျိုးဖြစ်ထွန်းမည်ဟု သဘောရလျှင် ဝရမ်းကပ်သည့် နေရာ၌လည်းကောင်း၊ ပစ္စည်းတည်ရှိရာ နေရာ၌သော်လည်းကောင်း ရောင်းချရန် သတ်မှတ်နိုင်သည်။

Post Date:

ရှေ့နေတစ်ဦးတစ်ယောက်သည် အမှုသည်တစ်ဦးအတွက် အကြံဉာဏ်ပေးခဲ့လျှင်ဖြစ်စေ၊ သို့မဟုတ် လိုက်ပါ ဆောင်ရွက်ခဲ့လျှင်ဖြစ်စေ၊ ၎င်းအနေနှင့် ယင်းအမှုသည်ထံမှ ရရှိခဲ့သည့် အချက်အလက်များကို သတိမပြုမိဘဲ သုံးစွဲကောင်းသုံးစွဲနိုင်လောက်သည်ဟု ထင်မြင်ဖွယ်ရှိလျှင်ပင် နောက်ပေါ်ပေါက်လာသည့် မှုခင်းတစ်ရပ်၌ ယင်းအမှုသည်အား ဆန့်ကျင်၍ လိုက်ပါဆောင်ရွက်ခြင်း မပြုသင့်ပေ။ ရှေ့နေလုပ်ငန်း ဆောင်ရွက်ရာမှ ယခင် အမှုသည်ထံမှ ရရှိခဲ့သည့် အချက်အလက်များကို ယင်းအမှုသည်အား ဆန့်ကျင်၍ သုံးစွဲကောင်း သုံးစွဲဖွယ်ရာ အရိပ်အယောင်ကိုပင် ရှောင်ကြဉ်ရမည်မှာ ရှေ့နေရှေ့ရပ်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုသူတို့၏ တာဝန်ဖြစ်သည်။