Post Date:

(က) မရွေ့မပြောင်းနိုင်သောပစ္စည်းကို အပိုင်ပေးသည့်စာချုပ်စာတမ်းများ၊


(ခ) မရွှေ့မပြောင်းနိုင်သော ပစ္စည်း၌ဖြစ်စေ၊ ယင်းနှင့်စပ်လျဉ်း၍ဖြစ်စေ တန်ဖိုးငွေကျပ်တစ်သိန်းနှင့် အထက်ရှိသည့် မရွေ့မပြောင်းနိုင်သောပစ္စည်းများ ရောင်းချခြင်း၊ ဆိုင်ရာဆိုင်ခွင့် အကျိုးစီးပွား တစ်စုံတစ်ရာဖြစ်စေရေးအတွက် ကြေညာခြင်း၊ လွှဲအပ်ခြင်း၊ ကန့်သတ်ခြင်း၊ စွန့်လွှတ်ခြင်းနှင့် ဖျက်သိမ်းခြင်းတို့ကို ခိုင်မာစေရန်ပြုလုပ်သည့် သေတမ်းစာမဟုတ်သော စာချုပ်စာတမ်းများ၊ ယင်းစာချုပ်စာတမ်းတို့နှင့် သက်ဆိုင်သည့် ပိုင်ဆိုင်ခွင့်အပေါ် တရားရုံးကချမှတ်သည့် စီရင်ချက်၊ ဒီကရီ၊ အမိန့်၊

Post Date:

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် ၁/၂ဝ၂၅) ပြဌာန်းခဲ့သော ဆိုက်ဘာလုံခြုံရေးဥပဒေပုဒ်မ (၂) တွင်အောက်ပါအတိုင်းပြဌာန်းထားပါသည်။

ပုဒ်မ၂။ ဤဥပဒေသည် နိုင်ငံတော်သမ္မတက အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်သည့်နေ့ရက်တွင် စတင်အာဏာ တည်စေရမည်။

Post Date:

ကိုယ်ပိုင်အသိဉာဏ်ဖြင့် ပြုလုပ်သော တီထွင်ဖန်တီးမှုများကို အကာအကွယ်ပေးရန် ဥပဒေအရပေးအပ်သည့်အခွင့်အရေးကို ဆိုလိုပါသည်။


မြန်မာပြည် မူပိုင်ခွင့်ဥပဒေတွင် (၁) ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေ the Trademark Law ၊ (၂) စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ the Copyright Law၊ (၃) တီထွင်မှုမူပိုင်ခွင့်ဥပဒေ the Patent Lawနှင့် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ the Industrial Design Lawဟူ၍ မူပိုင်ခွင့်ဥပဒေ (၄) မျိုးရှိပါသည်။.

Post Date:

A&D Myanmar Legal Services မှာ ရာဇဝတ်မှု၊ တရားမမှု၊ ကုမ္ပဏီဆိုင်ရာ ကိစ္စများနဲ့ မြန်မာ့ဓလေ့ထုံးတမ်းဆိုင်ရာ ဥပဒေရေးရာ အကြောင်းအရာတွေကို အကျုံးဝင်တဲ့ ဆောင်းပါးများစွာကို တွေ့ရမှာပါ။ လုပ်သက် ၁၀ နှစ်ကျော် အတွေ့အကြုံရှိတဲ့ ကျွန်ုပ်တို့ရဲ့ ပညာရှင်တွေက “ဥပဒေရေးရာ အဖြေ၊ ကျွန်ုပ်တို့တာဝန်” ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီဆောင်းပါးတွေကို ရေးသားထားတာပါ။ သင့်ရဲ့ ဥပဒေဆိုင်ရာ လိုအပ်ချက်တွေအတွက် ဒီမှာ စူးစမ်းဖတ်ရှုလိုက်ပါ။