မြန်မာပြည်မှာ အများစုက “လင်ပိုင်တဲ့ ပစ္စည်းကို မယားဖြစ်သူက တစ်ဝက်ပိုင်ဆိုင်ပြီး၊ မယားဖြစ်သူရဲ့ ပစ္စည်းကို လင်က တစ်ဝက်ပိုင်ဆိုင်တယ်” ဆိုပြီး အမှတ်မှားနေကြတယ်။ တကယ်တော့ လင်မယား ဖြစ်ပြီးနောက် လက်ထက်ပွား ပစ္စည်းတွေကိုသာ တစ်ယောက်တစ်ဝက် ပိုင်ဆိုင်ခွင့် ရှိကြပြီး၊ လင်မယား မဖြစ်ခင်တုန်းက ရှိခဲ့တဲ့ ကိုယ့်အိမ်ထောင်ဖက် ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကိုတော့ တစ်ဝက်ပိုင်ဆိုင်ချင်လို့ မရပါဘူး။
မြန်မာပြည်မှာ လူအများ ပြောလေ့ရှိတဲ့ စကားတွေထဲမှာ “ရေအဆုံး၊ ကုန်းတစ်ဝက်” ဆိုတဲ့ စကားလည်းပါတယ်။ ဒီစကားအရဆိုရင် ရေထဲမှာ ပစ္စည်းတစ်ခုခု တွေ့လို့ရှိရင် တွေ့တဲ့ပစ္စည်းက တွေ့တဲ့သူ အပိုင်ဖြစ်ပြီး၊ ကုန်းပေါ်မှာ ပစ္စည်း ကောက်ရလို့ရှိရင် ကောက်ရသူနဲ့ မူလပစ္စည်းပိုင်ရှင်တို့ တစ်ယောက်တစ်ဝက် ပိုင်ဆိုင်ကြတယ်လို့ အဓိပ္ပာယ် ရတယ်။ တကယ်ရော ဒီလိုဟုတ်ရဲ့လား။
ဥပဒေအရကတော့ ကောက်ရသောပစ္စည်း၏ ပိုင်ရှင်ဖြစ်ကြောင်းသိလျက်နဲ့ ပြန်ပေးရန် ငြင်းဆန်ရင် မရိုးမဖြောင့်သော သဘောဖြင့် မိမိ၏ပစ္စည်းအဖြစ် ပြောင်းလွဲခြင်းဖြစ်လို့ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၀၃ ကို ကျူးလွန်ရာ ရောက်တယ်လို့ ပြဌာန်းထားတယ်။
မြန်မာတွေအဖို့ အိမ်ထောင်ပြုရတာ အလွန်တရာမှ လွယ်ကူတယ်။ ယောက်ျားနဲ့ မိန်းမ အတူပေါင်းသင်းနေထိုင်တာကို အိမ်နီးနားချင်း ပတ်ဝန်းကျင်က သိရင်ကို လင်မယားအရာမြောက်တယ်။ “အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမှင်ရည် စုတ်ထိုး၊ ဤသုံးမျိုး ချက်မပိုင်၊ နောင်ပြင်ရန် ခက်သည့်အမျိုး” ဆိုတဲ့ မြန်မာစကားပုံ အရ လင်မယားဖြစ်ပြီးမှ တစ်ယောက်နဲ့ တစ်ယောက် ကွာရှင်းချင်ရင်တော့ အင်မတန်မှ ခက်တယ်။
မိဘများ ကွယ်လွန်ချိန်မှာ အမွေဆိုတဲ့ ကိစ္စရပ်က ပေါ်ပေါက်လာပြီ။ အဲဒီအချိန်မှာ ကိုယ်က ရဟန်းဘဝနဲ့ ဖြစ်နေတယ်။ ဒီအမွေကို ရဟန်းဝတ်နဲ့ တောင်းပိုင်ခွင့် ရှိသလား။ တကယ်တော့ ရဟန်းဝတ်ဖြင့် အမွေပုံပစ္စည်း စီမံခန့်ခွဲပေးစေလိုမှု စွဲဆိုမယ်ဆိုရင် မြန်မာဓလေ့ထုံးတမ်းဥပဒေနှင့် ညီညွတ်မှု မရှိ။ ထာဝရ ရဟန်းဝတ်ရန် မရည်ရွယ်ဘဲ ဒုလ္လဘရဟန်းဝတ်နေတဲ့ အချိန်မို့လို့ ရဟန်းဘဝဖြင့် အမွေပုံ စီမံခန့်ခွဲပေးစေရန် စွဲဆိုရတာပါဆိုပြီး အကြောင်းပြမယ်ဆိုရင်လည်း သင့်မြတ်မှု မရှိသကဲ့သို့ လက်ခံထိုက်သည်လည်း မဟုတ်ချေ။
သားသမီးတွေ မိဘအမွေ ဆက်ခံခွင့် မရှိတာက ခွေးနဲ့တူတဲ့ သားသမီးဖြစ်မှ ဖြစ်တယ်။ ဥပဒေအရ မိဘတွေအနေနဲ့ သားသမီးကို ခွေးနဲ့တူတယ်လို့ ကြေငြာခွင့် မရှိ။ ဒါကြောင့် သတင်းစာထဲမှာ သား ဒါမှမဟုတ် သမီး ဖြစ်သူကို “ပြောစကား နားမထောင်” လို့ အမွေပြတ် စွန့်လွတ်တယ်ဆိုပြီး ကြေငြာနေတာတွေဟာ တရားမဝင်ပါဘူး။
သာမန်လူတစ်ယောက်အနေနဲ့ တွေးရင် “ကိုယ်ပိုင်တဲ့ ပစ္စည်း ကိုယ်ဖာသာကိုယ် ဖျက်ဆီးတာ ဘယ်သူ့ ဂရုစိုက်ရမှာလဲ” ဆိုတာ ကိစ္စမရှိပေမဲ့ ကိုယ်ပိုင်တဲ့အသက်ကို ဆက်လက် မပိုင်ဆိုင်လိုတဲ့အတွက် ကိုယ့်ဖာသာကိုယ် ဖျက်ဆီးပစ်တာကတော့ သေသွားခဲ့ရင် ကိစ္စ မရှိဘူး၊ မသေဘဲ အသက်ရှင်နေဦးမယ်ဆိုရင်တော့ ကိစ္စရှိလာပြီ။
မိမိကိုယ်မိမိ သေကြောင်းကြံမှု ကျူးလွန်ရန် အားထုတ်ရင် အားထုတ်တဲ့သူကို တစ်နှစ်ထိ အလုပ်မဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ပြစ်ဒဏ်ချမှတ်ခံရနိုင်သည်။
အခုချိန်ထိ လူအများစုဟာ ကုန်အမှတ်တံဆိပ်တွေကို စာချုပ်စာတမ်းမှတ်ပုံတင်ရုံးသို့ သွားပြီး မှတ်ပုံတင်နေကြတာ တွေ့ရတယ်။ စာရွက်စာတမ်းမှတ်ပုံတင်ရုံးကတော့ လိုအပ်တဲ့ အချက်အလက်တွေ ပြည့်စုံတယ်၊ စာရွက်စာတမ်း ပြည့်စုံတယ် ဆိုရင် မှတ်ပုံတင်ပေးလိုက်မှာ ဖြစ်တယ်။ ဒါပေမဲ့ ကိုယ့်ကုန်အမှတ်တံဆိပ်က ဥပဒေအရ အကာအကွယ် ရမှာ မဟုတ်ဘူး။ မှတ်ပုံတင်ထားရဲ့သားနဲ့ ဘာလို့ အကာအကွယ် မရတာလဲ၊ ဒါဆိုရင် ဘာလုပ်ရမလဲ။
ပြီးခဲ့တဲ့ရက်ပိုင်းက အထက်တန်းကျောင်းသားလေး ကျောင်းသွားပြီး၊ ကျောင်းမရောက်၊ အိမ်ပြန်မရောက်ဘဲ ပျောက်သွားတဲ့ သတင်း အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့တယ်။ ဖတ်မိသူ အပေါင်းလည်း စိတ်ပူကြရတယ်။ နောက်တော့ အိမ်ပြန်ရောက်လာပြီဆိုတဲ့ သတင်း ဖတ်ရတော့မှ စိတ်ပူပေးကြတဲ့သူတွေ စိတ်အေးကြရတော့တယ်။ အဖေဖြစ်သူက ဖုန်းသိမ်းတာကို စိတ်ဆိုးပြီး အိမ်ပေါ်က ဆင်းသွားတာတဲ့။
ဒီအဖြစ်အပျက်ကြောင့် မိဘကို စိတ်ဆိုးပြီး အိမ်ပေါ်က ဆင်းလာတဲ့ ကလေး ကိုယ့်ဆီရောက်လာလို့ လက်ခံထားရင် ပြစ်မှုမြောက်သလား ဆိုတဲ့ မေးခွန်းတွေ မေးလာကြတယ်။ ကလေးမိဘတွေအနေနဲ့ ကလေးလက်ခံထိန်းသိမ်းထားတဲ့ သူကို သွေးဆောင်ဖြားယောင်းမှုနဲ့ တရားစွဲဆိုနိုင်သလား။
ချစ်သူသက်တမ်းနှစ်ပတ်လည်ပွဲ၊ အိမ်ထောင်သက်နှစ်ပတ်လည်ပွဲ၊ မွေးနေ့ပွဲ၊ လုပ်ငန်းနှစ်ပတ်လည်ပွဲ စသည်များကို ကျင်းပသလိုမျိုး မိမိတို့ တည်ထောင်ထားတဲ့ ကုမ္ပဏီကိုလည်း နှစ်စဉ် မွေးနေ့လုပ်ပေးရန် လိုအပ်ပါတယ်။
မိဘရိုးရာများကို ပုံမှန် မလုပ်ဆောင်ဘဲ ပျက်ကွက်ရင် နတ်ကိုင်တယ်ဆိုပြီး ကြားဖူးကြတယ်ဟုတ်။ နတ်ကိုင်ရင်တော့ အနည်းနဲ့အများ စိတ်အနှောင့်အယှက် ကြုံကြရတယ်။ အဲလိုပဲ သူ့ကိုလည်း မွေးနေ့လုပ်နေကြ မလုပ်ပေးရင် နတ်ကိုင် အဲမဟုတ်ပါဘူး သူ စိတ်ဆိုးလိမ့်မယ်နော်။
ဒီတော့ ကုမ္ပဏီတစ်ခုဟာ နှစ်စဉ်နှစ်တိုင်း Annual return မဖြစ်မနေ တင်ကြရမှာ ဖြစ်တယ်
မတင်ဖြစ်ရင်တော့ ကုမ္ပဏီဟာ
Suspend
Struck off
၂၀၁၇ ခုနှစ် မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ အီလက်ထရောနစ် မှတ်ပုံတင်စနစ် MyCO တွင် ၁.၈.၂၀၁၈ မှ ၁၅.၁.၂၀၂၀ ရက်နေ့ထိ မှတ်ပုံတင်ခဲ့သည့် ကုမ္ပဏီ စုစုပေါင်း ၆၇,၃၆၇ တွင် ကုမ္ပဏီ ၇,၆၃၇ သည် ဆိုင်းငံ့ (Suspended) အခြေအနေတွင် ရောက်ရှိ နေပါသည်။ သို့ဖြစ်ပါ၍ မိမိကုန်မ္ပဏီ၏ Company Status တွင် Suspended ဖြစ်/မဖြစ်ကို အမြန်ဆုံး စစ်ဆေးပြီး ဥပဒေပြဋ္ဌာန်းချက်များနှင့် အညီ ဆက်လက်ဆောင်ရွက်နိုင်ပါရန် အသိပေး အပ်ပါသည်။
