ခွင့်ပြုချက်နဲ့ ထားသင့်တယ်
အိမ်တွေ၊ မြေတွေ တန်ဖိုးကြီးမြင့်လာတဲ့အခါ ပိုင်ရှင်ဖြစ်သူတွေက ကိုယ်တိုင်လည်း မနေနိုင်၊ ဒီအတိုင်းထားရင်လည်း အိမ်က ပျက်စီးမှာ၊ မြေက သူများ ကျူးကျော်မှာ၊ အခြားသူကို ထားရင်လည်း ဖယ်မပေးမှာ ကြောက်ရ ဆိုပြီး ပစ္စည်းရှိ ဒုက္ခတွေ ကြုံတွေ့ကြရတယ်။ ဒီလိုမဖြစ်အောင် ကိုယ်ပိုင်တဲ့ အိမ်၊ မြေ ပေါ်မှာ အခြားသူကို အခမဲ့ခွင့်ပြုချက်နဲ့ ထားသင့်တယ်။ ဒါတောင် လျှပ်စစ်မီတာခတွေ၊ စည်သာသာယာအခွန်တွေ သူဆောင်ထားရလို့ မဆင်းတော့ပါဘူး၊ ဖယ်မပေးတော့ပါဘူး ဆိုပြီး ဖြစ်လာတဲ့အခါ၊ ဒီလိုမျိုး ပေးဆောင်ရုံနဲ့ ပေးဆောင်သူရဲ့ အပိုင်ဖြစ်သွားသလားဆိုရင်
အခွင့်အမိန့်အရ နေထိုင်သူသည် ခွင့်ပြုချက်အရ နေထိုင်စဉ် လျှပ်စစ်မီတာ အခွန်အခ၊ စည်ပင် သာယာ အခွန်အခများကို ပေးဆောင်ရုံမျှဖြင့် အခွင့်အမိန့်အရ နေထိုင်သည့် ဥပစာတွင် အကျိုးခံစားခွင့် ရရှိမည် မဟုတ်ပေ။ အကျိုးခံစားခွင့် မရှိပါက အခွင့်အမိန့်အရ နေထိုင်သူအဖြစ်မှ ပြောင်းလဲသွားရန် အကြောင်းမရှိချေ။
အခွင့်အမိန့်အရ နေထိုင်သူသည် ခွင့်ပြုချက်အရ နေထိုင်သည့် ပစ္စည်းတွင် အကျိုးသက်ဆိုင်ခွင့် မရှိသဖြင့် ခွင့်ပြုသူက ကြည်ဖြူသရွေ့သာ ထိုပစ္စည်းပေါ်၌ နေထိုင်ခွင့်ရှိသည်။ ခွင့်ပြုသူသည် ၎င်း၏ ခွင့်ပြုချက်ကို အချိန်မရွေး ရပ်စဲနိုင်သည်။ ယင်းသို့ ရပ်စဲလိုက်လျှင် အခွင့်အမိန့်အရ နေထိုင်သူသည် ခွင့်ပြုချက်အရ နေထိုင်သည့် ပစ္စည်းပေါ်မှ ထွက်ခွာပေးရမည်ဖြစ်သည်။
